Pages

Sunday, September 2

၈ နှစ်သား Miscrosoft Techonology Specialist

 
 
 
 
ပါကစ္စတန်နိုင်ငံ၊ ကရာချီမြို့မှာ နေထိုင်တဲ့ အသက် ၈နှစ်သား Shafay ဟာ မိုက်ခရိုဆော့ အသိမှတ်ပြု Techonology Specialist တစ်ဦးဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ် မတ်လ ၁၃ ရက်က မွေးဖွားပြီး ၂၀၁၂ခုနှစ် ဧပြီလဆန်းမှာဆန်းမှာ Microsoft မှကျင်းပတဲ့ Prometric Test စာမေးပွဲ ဝင်ရောက် ဖြေဆို အောင်မြင်ခဲ့ပါတယ်။ အံ့သြစွာပဲ ရမှတ် ၉၁ မှတ်နဲ့ ထူးထူးချွန်ချွန် အောင်မြင်ခဲ့ခြင်း ဖြစ်ပါတယ်။ ယင်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုဖို့အတွက် ၁၃
လသာသင်ကြားခဲ့ရပါတယ်။ Shafay Thobani ဟာငယ်ငယ်လေးကတည်းက ကွန်ပျူတာအသုံးပြုမှုကို နက်နက်နဲနဲစိတ်ဝင်စားသူ ဖြစ်ပြီး Network ရဲ့လုပ်ဆောင်ချက်များကို အမြဲလေ့လာနေတတ်သူ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ကို သင်ကြားပေးတဲ့ ဆရာ Faisal Durrani အနေနဲ့ Domain Name စနစ် (DNS) နဲ့ Internet Protocol (IP) သင်ခန်းစာတွေကို သင်ကြားရတာ အခက်အခဲမရှိခဲ့ပါဘူး။ Shafay ဟာ Microsoft Hyper-V virtualization ကိုလည်း ၆၅ မှတ်နဲ့ အောင်မြင်ထားပါတယ်။ အသက် ၈ နှစ်သာ ရှိသေးပြီး အသက် ၂၀ ဝန်းကျင်လူများ လေ့လာသင်ယူရတဲ့ ဘာသာရပ်ကို ငယ်ငယ်လေးနဲ့ ထူးချွန် အောင် လေ့လာသင်ကြားနိုင်ခဲ့ပါတယ်။ ဒါကြောင့် Shafay ကို ကမ္ဘာ့အသက်အငယ်ဆုံး Microsoft အသိမှတ်ပြု နည်းပညာ စပယ်ရှစ်လစ် တစ်ဦး အဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။
 
Wonderful and Amazing Case
 
 

No comments:

Post a Comment